တောင်ဥက္ကလာမြို့၊ ရတနာလမ်းထောင့်ရှိ မီးပွိုင့်၌ ဉာဏ်ရည်နိမ့်ပါးသော ကလေးငယ်တစ်ဦး စွန့်ပစ်ခံရမှု ဖြစ်ပွား
………………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၁၄ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ် ရတနာလမ်းထောင့်ရှိ မီးပွိုင့်၌ ဉာဏ်ရည်နိမ့်ပါးသော ကလေး တစ်ယောက်ကို Hijet ကားပေါ်မှ ပစ်ချပြီး စွန့်ပစ်သွားခဲ့ကြောင်း ကလေးသူငယ်များကို ကူညီစောင့်ရှောက်ပေး နေသည့် သရုပ်ဆောင် ခိုင်နှင်းဝေမှ သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
အထက်ပါဖြစ်စဉ်အပေါ် ခိုင်နှင်းဝေထံ ဖုန်းဆက်အကြောင်းကြားလာသည့်အတွက် သွားရောက်ခဲ့ရာ ကလေး ငယ် ယောင်္ကျာလေးဖြစ်ပြီး၊ စကားမပြောတတ်ဘဲ ကလေး၏ ဗိုက်မှာလဲ ဗိုက်ခွဲရာများ တွေ့ရှိရကြောင်း သို့ဖြစ် ၍ စုံစမ်းစစ်ဆေးပြီး လိုအပ်တာများ လုပ်ဆောင်ထားကြောင်း ခိုင်နှင်းဝေက ရေးထားသည်။
ပြီးခဲ့သည့်ကာလများအတွင်း၌လည်း ရန်ကုန်မြို့တွင် ကလေးစွန့်ပြစ်မှုများ နေရာစုံ၌ ဖြစ်ပွားခဲ့ပြီး သရုပ်ဆောင် ခိုင်နှင်းဝေက ခေါ်ယူမှုများ ပြုလုပ်ခဲ့သည်။
Photo - ခိုင်နှင်းဝေ
#PeopleMedia #လူမှုဘဝ
(unicode)

Photo - ခိုင်နှင်
းဝေ
#PeopleMedia #လူမှုဘဝ
Comments
Post a Comment