ဝတ်လုံတော်ရပြောင်ကြီး(စျေးမချိုပါ)

"နှုန်းထား"

သင် အမှုဖြစ်နေပီလား???

ရှေ့နေအမျိုးမျိုးကို နှုန်းထားအမျိုးမျိုးဖြင့်

လွတ်လပ်စွာဌားရမ်းလိုက်ပါ။

၁သိန်း ၂သိန်း ၃သိန်း ၄သိန်း ၅သိန်း မှသည်

၁၀သိန်း ၂၀သိန်း ၃၀သိန်း ၅၀သိန်း ၁၀၀သိန်းစသည့်

သိန်းဆယ်ချီ ရှေ့နေခနှုန်းထားများ ရှိပါ၏

ရှေ့နေခ အခမဲ့ဆိုပီး NGO,INGOအဖွဲ့အစည်းများထံက

ဒေါ်လာစားသည့် ရှေ့နေများလည်းရှိပြန်၏

တရားသူကြီးကိုပိုင်သည်ဆိုကုန်သော 

ရှေ့နေများလည်းရှိသေး၏

ဥပဒေပညာရပ်သက်သက်သာဖြင့်သာ ရပ်တည်သော

ရှေ့နေများလည်း ရှိပါ၏

မည်သို့ပင်ဆိုစေကာမူ

ရှေ့နေလောကကြီးကတော့ တငြိမ့်ငြိမ့်စီးဆင်းနေသည့်

ရေစီးချောင်းကြီးပင်တည်း။

သင့်အတွက် သင့်ရှေ့နေသည် 

ရဲရဲတိုက် ရဲရဲတက် ရဲရဲအမှုစစ်ပါလိမ့်မည်။

သင်ကလည်း ရှေ့နေခကို မနှမျောသင့်ပါ။

ပေါပေါပဲပဲ ရှေ့နေခပေးပီး အရမ်းကြီးကောင်းမွန်သော လုပ်ဆောင်ချက်မမျော်လင့်ပါနှင့်။

စျေးကြီးပေးရပီး အလုပ်မလုပ်သော ရှေ့နေဆိုလျင်တော့

သင့်အနေဖြင့် အခြားရှေ့နေပြောင်းဌားပါလေ။

ရှေ့နေတယောက်ပီးတယောက်ပြောင်းလွန်းသော

အမှုဆိုလျင်လည်း မကောင်းပြန်။

ရှေ့နေကောင်း မကောင်းကို အမှုစစ်ရင်းဖြင့် 

သိနိုင်ပါသည်။

အမှုသည်ကောင်း မကောင်းကလည်း 

ရှေ့နေခတောင်းသည့်အခါ သိနိုင်၏

ရှေ့နေစျေးကွက်မှာ စျေးဖျက်သောရှေ့နေများလည်း 

ရှိသေး၏

အမှုပွဲစား၏ ဖျက်မှုကြောင့် ရှေ့နေကောင်းများနှင့်လည်း လွဲတက်၏.

ဘာဘဲဖြစ်ဖြစ်....

သင်အမှုဖြစ်ပီဆိုလျင်တော့ ရှေ့နေဌားရမ်းထုချေခြင်းက အကောင်းဆုံး

လုပ်ဆောင်ချက်တခုပင် ဖြစ်ပေတော့သည်။

ရှေ့နေကောင်းနှင့်ဆုံစီးခြင်းသည် 

သင့်အတိတ်ဘဝနှင့်လည်း

စပ်ဆိုင်ပေ၏

                  ဝတ်လုံတော်ရပြောင်ကြီး(စျေးမချိုပါ)

Crd

Comments