သတင်း

 ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ဆောက်လက်စ တိုက်တစ်လုံးပြိုပြီး‌ဆောက်လုပ်‌ရေးလုပ်သားများပိတ်မိနေ


Photo MPA


ရန်ကုန်တိုင်း၊ဒဂုံအရှေ့ပိုင်းမြို့နယ် ၆ရပ်ကွက်ရှိဆောက်လက်စတိုက်တစ်လုံး‌အောက်တိုဘာ၁၅ရက်နံနက်ပိုင်းတွင်ပြိုကျခဲ့ပြီး လူ၁၀ဦးထက်မနည်းပိတ်မိနေကြောင်းသိရသည်။


"အခုတော့ လေးဦးထွက်လာပြီ ဒဏ်ရာရတာတွေစိုးရိမ်ရတာတွေရှိပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတုန်းပဲရှိပါသေးတယ်" ဟုကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။


အဆောက်အဦးမှာဘုန်းကြီးကျောင်းနှင့်ကပ်လျက်တည်ရှိနေပြီး ဘုန်းကြီးကျောင်းဘက်ကိုထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်းသိရသည်။

crd







Comments