#ကျနော်နဲ့စာစုမှတ်တမ်းများ
အပိုင်း ( ၃၂ )
အခြေခံ လူတန်းစားကို ဒုက္ခပေးတဲ့အရာတွေထဲမှာအဓိကအဆိုးဆုံးက
၁။ အကျင့်ပျက်အဂတိလိုက်စားမူ
၂။ ကျန်းမာရေးကုသစရိတ်ကြီးမြှင့်မူ နဲ့
၃။ စားသောက်ကုန်တွေကို အကြောင်းပြချက်ရတာနဲ့စျေးတက်ပစ်တဲ့ဝိသမလောဘသားတွေကြောင့်
ဖြစ်တယ်။
၁။ ကတော့အားလုံးသိကြတဲ့အတိုင်းပါပဲ နေရာတကာ လာဒ်မပေးရင် အလုပ်မလုပ်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေကြောင့် ပြည်သူတွေနစ်နာကြရတယ်။ အဂတိလိုက်စားမူတိုက်ဖျက်ရေးကော်မရှင်က အရေးယူဆောင်ရွက်ပေးခဲ့မူကြောင့် အတော်အသင့် ထိန်းသိမ်းနိုင်ခဲ့တာ အများအသိပါ။ မတရားတာခံရတာနဲ့ fb ကနေ Live လွင့်ရုံနဲ့ အကျင့်ပျက်ဝန်ထမ်းတချို့တွေမတရားမလုပ်ရဲကြတဲ့အချိန်၊ဌာနကလည်း အရေးယူဆောင်ရွက်ပေးခဲ့ကြတဲ့ခေတ်ကို ကြုံဖူးကြတယ်မလား။
၂။ ကျန်းမာရေး မကောင်းရင် ဆေးရုံကိုလူတွေမသွားကြဘူး ငွေကြေးပေးရတဲ့ ဆေးခန်းပဲပြေးကြတယ်။ Why? ဘာလို့လဲဆိုတော့ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေရဲ့ပြုမူဆက်ဆံပုံတွေကြောင့်ပါပဲ ဆေးရုံကားမောင်းသူက အရက်မူးနေတာမျိုး အရေးပေါ်ကားခေါ်လို့မရလို့ ပရဟိတအရေးပေါ်ကားတွေပေါ်လာရတယ်ဆိုလည်းငြင်းမရဘူးထင်ပါတယ်။ တချို့ နပ်စ်မတွေက ပြည်သူ့ဆေးရုံက အပြုအမူနဲ့ အပြင်ဆေးရုံဆေးခန်းမှာဆက်ဆံတဲ့ အပြုအမူတွေက အရမ်းကို ထပ်တူကျ ချိုသာကြတော့ ပြည်သူ့ဆေးရုံထက် ငွေပေးရတဲ့အထူးကုပုဂ္ဂလိကဆေးရုံတွေဆီသွားကြတာပေါ့ဗျာ(မသိရင် ပုဂ္ဂလိကဆေးရုံအတွက် Marketing ဆင်းပေးနေသလိုပဲ)။ ဆရာဝန်တချို့ကျတော့ တမျိုးဗျ ပြည်သူ့ဆေးရုံမှာသာ တာဝန်ကျချိန်မရှိတာ အပြင်အထူးကုပုဂ္ဂလိက ဘာညာတွေမှာကျ အချိန်မှန်ထိုင်ကြသဗျ (အချို့နော်အချို့ အကုန်မပြောဘူး) စေတနာတွေပေါ့ဗျာ အချို့ ကျင့်ဝတ်မသိ ကျင့်ဝတ်မထားတဲ့ ဆရာတန်းဝင်ပေမယ့် သမားဂုဏ်မပီ လူတချို့ကြောင့် ပြည်သူတွေက အစိုးရရဲ့ကျန်းမာရေး အထောက်အပံ့ကိုမခံစားကြရဘူး စားဝတ်နေရေးအပြင် ကျန်းမာရေးကြောင့် အိမ်ရောင်း အိမ်ပေါင် ချေးဌားရင်း သခင်မျိုးဟေ့ ဒို့ဗမာ ကနေ သူများအိမ်မှာ ပြန်ဌားနေရတဲ့ဘဝကိုရောက်သွားကြရတယ်။
၃။ လေတိုက်လို့ကြမ်းတာနဲ့ ကုန်စျေးနူန်းက တက်ပြီပဲ။ ဒေါ်လာစျေးတက်လို့ ဆီစျေးတက်လို့ စတဲ့ခေါင်းစဥ်တွေအောက်ကနေ ကုန်တွေကို အဆမတန်စျေးတင်ပစ်လိုက်ကြတယ်။ ဒေါ်လာစျေး ဆီစျေးကျလည်း ကုန်စျေးနူန်းက လုံးဝပြန်မကျ..... နောက်မှအသေးစိတ်ထပ်ရေးမယ် အားပေးကြမယ်မလား.....
အထက်ပါပြောသွားတာတွေအားလုံးက အမှန်တရားတွေချည်းပဲ တရားဥပဒေနဲ့လွှတ်အောင် နဲနဲထိန်းရေးထားတာပဲရှိတယ်...ဥပမာ...ငါလိုးမသားလို့ဆဲမယ့်အစား...ရိုင်းတယ်မထင်အောင် ငါရိုးမသားလို့ဆဲလိုက်တဲ့သဘောပဲ...
အထက်ပါ အချက် ၃ ချက်ကို ကောင်းအောင်လုပ်ပေးနိုင်ရင် ဘယ်အစိုးရတက်တက် ပြည်သူကချစ်မှာပဲ ပြည်သူကအားပေးမှာပဲ ပြည်သူကထောက်ခံမှာပဲ...
ဟာ...မီးပျက်သွားပြီ...
ဆက်ရေးစေချင်ရင် အားပေးကြပါဦး...
မှတ်ချက်။ ။အကောင့်အဟက်ခံရတုန်း ဘယ်သူဝင်ရေးသွားမှန်းမသိပု...စတာပါ... တကယ်ပါ...
ဖိုတို ခရက်ဒစ်
ရဲရင့်
15102021
Comments
Post a Comment