သွေးဆုံးချိန်မှာ အမျိုးသမီးများ လှပနုပျိုစေဖို့

  သွေးဆုံးချိန်မှာ အမျိုးသမီးများ လှပနုပျိုစေဖို့

ရေးသားသူ - Skincare Federation by Vanessa


နုပျိုလှပမှုဟာ အရွယ်သုံးပါးအမျိုးသမီးများအတွက် ဂုဏ်ကျက်သရေတစ်ပါးဖြစ်သလို ဘုရားပေးတဲ့ဆုလာဒ်တစ်ခုလည်း ဖြစ်ပါတယ်။ အရွယ်တင်နုပျိုမှုကြောင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာသန်စွမ်းသကဲ့သို့ လုပ်ငန်းဆောင်တာများကိုလည်း ရှိရင်းစွဲအသက်ထက် ပိုလို့တက်ကြွစွာ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ #skincare_federation_online_shop  အိမ်ထောင်သည်အမျိုးသမီးများသည်ပင် ကိုယ့်အလှတရားကို မပစ်ပယ်ထားသင့်ပါဘူး။ အိမ်ထဲမှာပဲနေရလို့ နုပျိုမှုတွေရဲ့အဝေးမှာ သင်နေထိုင်နေမယ်ဆိုလျှင် သင့်ကိုယ်သင် မချစ်ခင်ရာ၊ တန်ဖိုးမထားရာရောက်မှာဖြစ်တာကြောင့် Color cosmetics များဖြင့် အလှမပြင်သည့်တိုင်အောင် အသားအရည် ပြုပြင်ထိန်းသိမ်းမှု (Skincare) ကိုတော့ ပုံမှန်လေး လုပ်ဆောင်သင့်ပါတယ်နော် ။#Skincare_Federation 


ဒီနေရာမှာ အဓိကပြောလိုတာကတော့ သက်ငယ်ပိုင်း၊ သက်လတ်ပိုင်းအမျိုးသမီးများထက် သက်ကြီးပိုင်းရောက်လာကြတဲ့ ရာသီသွေးဆုံးချိန်မှာ အမျိုးသမီးများရင်ဆိုင်ရတဲ့ ပြဿနာများနှင့် အသားအရည်ထိန်းသိမ်းမှုများအကြောင်းကို ပြောပြချင်တာ ဖြစ်ပါတယ်ရှင်။ #Skincare_Federation 


Menopause Skin Problems လို့ခေါ်တဲ့ သွေးဆုံးချိန်မှာ အမျိုးသမီးများခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ၊ နာကျင်မှုများ၊ ဝေဒနာများစွာရှိသည့်အနက် အသားအရည်ဆိုင်ရာ ပြဿနာများကလည်း အမျိုးသမီးများ အဓိကရင်ဆိုင်ကြရတဲ့ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပဲဖြစ်ပါတယ်။ #Skincare_Federation


သင့်ရဲ့နောက်ဆုံး period ပေါ်ပြီးသည့်နောက် သင်ရင်ဆိုင်ရမှာတွေက အသားအရည်နဲ့ ဆံပင်တွေ သိသာစွာ ပြောင်းလဲလာမှာဖြစ်ပါတယ်။ ဟော်မုန်းလယ်ဗယ် သိသိသာသာကျဆင်း ရပ်တန့်သွားတာကြောင့် သင့်ရဲ့အသားအရည်ဟာ ခြောက်သွေ့၊ ညစ်နွမ်းပြီး အရေပြားပါးလာပါတယ်။ #Skincare_Federation_Online_Shop ကော်လဂျင်နဲ့ ဖက်တီးအက်ဆစ်တွေ ထုတ်လုပ်နိုင်ခြင်းလည်း မရှိတော့တာကြောင့် အရေပြားရဲ့ elasticity ကျဆင်းလာပြီး ပါး၊ လည်ပင်းနဲ့ မေးရိုးတစ်လျှောက် အရေးအကြောင်းငယ်များကနေ ပါးရည်တွန့်ခြင်းလို့ခေါ်တဲ့ အရေပြားပါးလွှာတွန့်လာခြင်းတို့ကို စတင်ရင်ဆိုင်ကြရပါတော့တယ်။ #Skincare_Federation_Online_Shop


မျက်နှာပေါ်၌ အစက်အပျောက်များပေါ်လာခြင်း၊ အဆီဖုနှင့် ဝက်ခြံများထွက်လာခြင်း၊ အရေးအကြောင်းများ သိသာစွာပေါ်လာခြင်း၊ အရေပြားပါးလာခြင်း၊ မျက်နှာမဲလာခြင်း dull skin ဖြစ်လာခြင်းများကို တပြိုင်နက် ခံစားရင်ဆိုင်ရနိုင်ချေလည်း ရှိပါသေးတယ်။ ထိုသို့ရင်ဆိုင်ရသည့်အခါ မည်ကဲ့သို့အသားအရည် ထိန်းသိမ်းမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေရှာဖို့ခက်ခဲလာပါတယ်။ #Skincare_Federation_Online_Shop


အချို့အမျိုးသမီးများတွင် မျက်နှာ၌အမွှေးလေးများပေါ်လာသည်များပင် ရှိနိုင်ပါတယ်။ 


#Skincare_Federation_Online_Shop ပြဿနာအားလုံးကို ပျောက်ကင်းသွားအောင် မလုပ်နိုင်သော်လည်း မှန်ကန်သည့် အသားအရည်ထိန်းသိမ်းမှု နည်းလမ်းများဖြင့် ဤပြဿနာများကို လျော့နည်းအောင် လုပ်ဆောင်နိုင်ပါတယ်နော်။ 


Estrogen ဟော်မုန်းကျဆင်းလာတာဖြစ်လို့ အရေပြား ယားယံတာတွေ၊ ပုံမှန်အသားအရည်ကနေ sensitive skin အဖြစ်ပြောင်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ #Skincare_Federation အမျိုးသမီးအချို့၌ သုံးနေကြဆပ်ပြာ၊ အလှအပအသုံးအဆောင်များနှင့် အဝတ်အထည်များကိုပင် ဓါတ်မတည့်မှုများ ဖြစ်တတ်ကြပြီး ယားယံနေတဲ့အရေးပြားကို ကုတ်လိုက်လျှင် အင်ပြင်၊ ယားနာနှင့် အဖုအပိန့်များလည်း ဖြစ်တတ်ကြပါသေးတယ်။ 


ဒါတွေကတော့ သွေးဆုံးချိန်အမျိုးသမီးများ ရင်ဆိုင်ကြရတဲ့ အဖြစ်များတဲ့ အသားအရည်ဆိုင်ရာ ပြဿနာအချို့ဖြစ်ပါတယ်။ 


*** သွေးဆုံးချိန်မှာ အသားအရည်ကို ဘယ်လိုထိန်းသိမ်းပြုပြင်ကြမလဲ။ #Skincare_Federation_Online_Shop ****


ပထမဆုံးအနေဖြင့် မျက်နှာသန့်ရှင်းရေးလုပ်ဆောင်ရာမှာ ပုံမှန်ဆပ်ပြာတွေ၊ သက်လတ်ပိုင်းအမျိုးသမီးအရွယ်တုန်းက သင်သုံးခဲ့တဲ့ facial foam တွေအစား Mild cleanser များကို ပြောင်းလဲအသုံးပြုပါ။ Recommend ပေးလိုတာကတော့ ကလေးဆပ်ပြာလေးတွေကို သုံးလျှင်အဆင်ပြေနိုင်ပါတယ်။ #Skincare_Federation_Online_Shop သို့မဟုတ်လည်း ဓါတုပစ္စည်းနည်းတဲ့ foam နဲ့ cleanser  တွေကို ရွေးချယ်အသုံးပြုစေလိုပါတယ်။ သို့မှသာ အသားအရည်အတွက် လိုအပ်တဲ့ရေဓါတ်ခမ်းခြောက်မှုကို သက်သာစေမှာဖြစ်ပါတယ်။ 


ဒုတိယအချက်အနေဖြင့် Moisturizer ကို မမေ့မလျော့ လိမ်းပေးပါ။ Soothing gel လိမ်းလို့လည်း ရပါတယ်နော်။ ရေချိုးပြီးချိန်တွင်သာမကဘဲ တစ်နေ့လုံး လိုအပ်သလိုလိမ်းပေးပါ။ ခမ်းခြောက်သွားတဲ့ရေဓါတ်ကို ပြန်ဖြည့်ပေးဖို့အတွက် Moisturizer တွေက တစ်ဖက်တစ်လမ်းက ကူညီပေးမှာဖြစ်ပါတယ်။ Hyaluronic acid, ceramide နဲ့ glycerin ပါဝင်တဲ့ Moisturizer တွေကို အသုံးပြုနိုင်ပါတယ်။ #Skincare_Federation_Online_Shop


နောက်တစ်ချက်ကတော့ sunscreen လိမ်းပေးရမှာပါ။  SPF 30 ++ ရှိတဲ့ sunscreen ကို နေ့စဉ် အပြင်ထွက်တိုင်း လိမ်းပေးရမှာဖြစ်ပြီး မျက်နှာ၊ လည်ပင်းတင်မကဘဲ ဖြစ်နိုင်သမျှ အဝတ်အစားလွတ်နေတဲ့၊ နေရောင်နဲ့ထိတွေ့နိုင်မည့် အရေးပြားအားလုံး - လက်၊ လက်ချောင်းလေးများ၊ ခြေဖမိုးနှင့် ခြေချောင်းလေးများကိုပင် လိမ်းပေးရမှာပါ။ ထိုသို့လိမ်းပေးခြင်းဖြင့် အစက်အပျောက်နှင့် နေလောင်ဒဏ်ကို ကာကွယ်ပေးမည့်အပြင် အရေပြားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ #Skincare_Federation_Online_Shop


ဒါတွေလုပ်ဆောင်ပြီးတဲ့နောက် အရေးကြီးဆုံး နောက်တစ်ချက်ကတော့ skin tone ကို brighten လုပ်ပေးရမှာဖြစ်ပါတယ်။  

- အိပ်ရေးဝဝအိပ်စက်ပါ။ 

- ရေများများသောက်ပါ။

- အိမ်ထဲမှာနေရင်တောင် sunscreen လိမ်းပေးပါ။ (အိမ်ထဲမှာ နေရောင်တိုက်ရိုက်မထိတွေ့ရသော်လည်း အိမ်ရှင်မများ မီးဖိုချောင်မှာ ချက်ပြုတ်သည့်အခါ မီးဖို၊ ဂက်စ်မီးဖိုများကထွက်လာတဲ့ နေရောင်ကဲ့သို့သော ဓါတ်များကို ကာကွယ်ရန်ဖြစ်ပါတယ်။)

- Moisturizer/ Soothing gel များလိမ်းပါ။

- မျက်နှာမာဆက် (နှိပ်နယ်မှု) ပြုပါ။

- နှင်းဆီရေအသုံးပြု၍ မျက်နှာသစ်ပါ။

- Exfoliate လုပ်ပါ။

- Omega fatty acid ပါဝင်တဲ့ ဆယ်မွန်ငါး၊ ထောပတ်သီး၊ သလဲသီး၊ အုန်းဆီ စတာတွေကို စားသုံးပေးခြင်း၊ စတဲ့အသီးအနှံတွေက ထုတ်ယူထားတဲ့ အဆီအနှစ်ပါတဲ့ အလှကုန်နှင့် skincare product များကို အသုံးပြုပါ။ 

- ကော်လဂျင်အားပေးတဲ့ ဆေးနှင့် အလှကုန်၊ skincare product များကို အသုံးပြုပါ #Skincare_Federation_Online_Shop


ရေဓာတ်ဖြည့်ပေးပြီး ကော်လဂျင်ပြည့်ဝစွာပါဝင်လို့ အရေးအကြောင်းနဲ့ သွေးဆုံးချိန်အမျိုးသမီးများအတွက် အထူးသင့်လျော်တဲ့ Etude House ရဲ့ moistfull collagen cream >>>> https://www.facebook.com/101021965654050/posts/106574171765496/


နှင်းဆီရေနဲ့ဖော်စပ်ထားတဲ့ Mamonde ကထုတ်တဲ့ Soothing and moisturizer gel cream ကလည်း ခြောက်သွေ့လာတဲ့ အသားအရည်အတွက် ရေဓာတ်ကိုဖြည့်ပေးလို့ သူကလည်းအထူးကောင်းမွန်ပါတယ်နော် >>> https://www.facebook.com/101021965654050/posts/104226178666962/


ရေဓာတ်ဖြည့်ဆည်းမှု ၁၀၀ % လုပ်ဆောင်ပေးတဲ့ Innisfree ရဲ့ Green tea seed serum >>>> https://www.facebook.com/101021965654050/posts/105161005240146/


မျက်နှာ လည်ပင်းတွေတင်မကဘဲ ခြေလက်ကလေးတွေလည်း နုပျိုလှပနေစေဖို့ TONYMOLY ရဲ့ shea butter body cream လေးကလည်း မရှိမဖြစ်ပါနော်။ >>>>

https://www.facebook.com/101021965654050/posts/104345931988320/


#Skincare_Federation

#Stay_young_Beauty_is_your_pride

#နုပျိုအောင်နေပါ_လှပမှုဟာသင့်ရဲ့ဂုဏ်ကျက်သရေပါ

Comments