ကျွန်တော်တို့ချစ်တဲ့ "ဖြူး" အကြောင်း
----------------------------------------------
#ဖြူး လို့ပြောလိုက်တာနဲ့
မြို့လေးကျဉ်းကျဉ်းလေးပေါ်မှာ ဆိုင်ကယ်လေးတွေ စက်ဘီးလေးတွေနဲ့ ပျားပန်းခတ်နေတဲ့ မြို့လေးကို သိကြမှာပါ။
ဒါလေးကတော့ အမြည်းလေးဖတ်ပီးတော့ အောက်က ပုံလေးတွေကိုထောက်ပီး ဖတ်လိုက်ပါအုံးနော်။
👇👇👇👇👇👇👇👇👇👇👇👇👇👇
ပျူခေတ်တွင်
တောင်ငူမြို့ အထက်ဘက်၌ ကမ်းပါးမြင့်ခေါ်ဆွာမြို့၊ကြခတ်ဝါးရံခေါ်ဒွါရာဝတီမြို့များမှာ ပျူမင်းများသည် မွန်များ၏ မကြာခဏ တိုက်ခိုက်ဖျက်ဆီးခြင်းခံရသဖြင့် ကြာလတ်သော် ယာယီထီးနန်းသစ်ထိုက်ထူပြီးလျှင် ပုန်းအောင်းနေထိုင်ကြရသည်။
ထိုသို့ပျူမင်းများပုန်းအောင်းရာဒေသကို မင်းပုန်းဟုခေါ်တွင်ခဲ့ရာ ယနေ့တိုင် မင်းပုန်း၊ရေဝေ၊လင်ပံကွင်း၊ချင်းလယ် ဟူ၍တောင်ပေါ်ရွာဟောင်းများတည်ရှိခဲ့သည်။
ထိုသို့ပျူလူမျိုးများနေထိုင်ရာဒေသမှ စတင်စီးဆင်းလာသောချောင်းကို ပျူချောင်းဟုခေါ်တွင်ခဲ့ကြောင်းသိမှတ်သားရသည်။
ထို့အပြင်ဇေယျဝတီမြို့ဟောင်း တည်ရှိရာ အဘယမုနိဘုရားကြီး၏မော်ကွန်းတင်သမိုင်းတွင် သက္ကရာဇ်(၉၁၂)ခုနှစ်တွင် သားတော်တပင်ရွှေထီး နတ်ရွာစံပျော်ပြီးနောက် ဟံသာဝတီဆင်ဖြူရှင် ဘုရင်နောင်ကျော်ထင်အနော်ရထာသည် ရာမညတိုင်း၊တံမ္ပဝတီတိုင်း၊သုနာပရန္တိတိုင်း ကိုးတိုင်းကိုးဌာနကိုအပိုင်သိမ်းယူတော်မူပြီးနောက် တောင်ငူကေတုမတီကို နန်းစံပြီးလျှင် ဇေယျဝတီမြို့ကို ကေတုမတီ တောင်တံခါးမြို့ခြေရင်းက သူတိုးမင်းလှကျော်ထင်ကို အကြီးအမှူးပြု၍ ပျူးချောင်းမြောက်ဘက်ကမ်းထိပ်ဟူ၍တွေ့ရသည်။ ဇေယျဝတီမြို့ဟောင်းအနီးတွင်ဖြတ်သန်းစီးဆင်းလျက်ရှိသော ယခုဖြူးချောင်းမှာ ယခင်က ပျူချောင်းဟုခေါ်တွင်ခဲ့ကြောင်းထင်ရှားသည်။ ဇေယျဝတီမြို့ဟောင်းတည်ထားသည့် နေရာ၏အနောက်ဘက်(၃)မိုင်အကွာ ပျူချောင်းဘေးတွင် ရွာကြီးတစ်ရွာရှိခဲ့ရာ ထိုရွာကိုပျူရွာဟုခါ်တွင်ကြောင်းသိရသည်။ ထို့အပြင် မြန်မာသက္ကရာဇ် (၆၆၁)တွင်တောင်ငူမြို့ကိုတည်ထောင်သော သဝန်ကြီး၊သဝန်ငယ်တို့၏ဖခင် သဝန်လက်ယာ အားမွန်ဘုရင်ဝါရီရှူ့သည် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ရာ အောင်မြင်ခဲ့၍ သဝန်လက်ယာ၊မိဘုရားကြီးနှင့်သားသမီးများကို ခေါ်ဆောင်ကာ ပျူရွာတွင် အကျယ်ချုပ်ထားရှိကြောင်း၊ ထိုပျူရွာမှာ ယခုအခါဖြူးမြို့ပင်ဖြစ်ကြောင်းတောင်ငူသမိုင်းအရသိရသည်။ ခရစ်သက္ကရာဇ်(၁၈၉၀)ခုနှစ်တွင်ရန်ကုန်မြို့မှတောင်ငူမြို့သို မီးရထားလမ်းဖောက်လုပ်သောအခါ ရထားဘူတာ၏နာမည်ကို ပျူဘူတာ ဟုမှည့်ေခါ်လာခဲ့ရာ ကာလ ကြာရှည်လာသော ဖြူးဘူတာ ဟုအမည်ေရွှ့လျားပြောင်းလဲလာကြောင်းသိရသည်။
credit bo la yaung
Comments
Post a Comment