👩💻ကုမ္ပဏီတည်ထောင်ခြင်းအကြောင်း သိကောင်းစရာများ📖
စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်တော့မယ်ဆိုရင် သင်လုပ်မယ့် လုပ်ငန်း အပေါ်မူတည်ပြီး တည်ဆဲဥပဒေတွေအရ တရားဝင်ဖြစ်ဖို့ ဘာတွေ ဆောင်ရွက် ရမလဲ? ဆိုတဲ့ မေးခွန်းက အရင်ဆုံး ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ အရင်ဆုံး သင်လုပ်မယ့် လုပ်ငန်းက သင်တစ်ဦးတည်း လုပ်မှာလား (သို့မဟုတ်) အခြားသူတွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းတစ်ခု ထူထောင်ချင်တာလား ? ဘယ်လိုမျိုး ပဲလုပ်လုပ် ရေရှည်စီးပွားရေး တစ်ခုအတွက် အမှန်တကယ် တရားဝင် ဝင်ငွေတွေရပြီး နိုင်ငံအတွင်း တရားဝင် စီးပွားရေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက်ချင်ရင်တော့ ကုမ္ပဏီတစ်ခုအဖြစ် ဖွဲ့စည်း တည်ထောင်ဖို့ လိုပါလိမ့်မယ်၊ တချို့လုပ်ငန်းတွေအတွက် လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ် (သို့) လိုင်စင် ရဖို့အတွက် ကုမ္ပဏီတစ်ခုထောင်ဖို့လိုအပ်ကြောင်း သက်ဆိုင် ရာဥပဒေအရ ပြဌာန်း ထားပေမယ့် တချို့ လုပ်ငန်းတွေကတော့ လုပ်ငန်းလိုင်စင် မလိုပဲ ဆောင်ရွက်လို့ရတဲ့ အသေးစား လုပ်ငန်းမျိုးတွေလည်း များစွာရှိနေပါတယ်။ ဥပမာ အနေနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အတွက် ခရီးသွားလိုင်စင် လျှောက်ထားနိုင်ဖို့ ကုမ္ပဏီ မှတ်ပုံတင်ကဒ် ရှိဖို့လိုတယ် ဆိုတာကို သက်ဆိုင်ရာဌာနက သတ်မှတ် ထားပါတယ်။ ဒါဆိုရင် လူပုဂ္ဂိုလ်တစ်ဦးတည်း ဆောင်ရွက်လို့ရတဲ့ တချို့လုပ်ငန်းတွေ အတွက်ရော ကုမ္ပဏီထောင်စရာမလိုဘူးလား? လိုသလား? လက်ရှိ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ တစ်ဦးတည်းနဲ့လည်း ကုမ္ပဏီတစ်ခု ထောင်နိုင် တယ်လို့ဆိုထားတဲ့အတွက် လူတစ်ဦးတည်းဆိုရင်ရော ကုမ္ပဏီ ထောင်ပြီး လုပ်တာနဲ့ ကုမ္ပဏီမထောင်ပဲလုပ်တာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးဘာတွေကွာခြားတာလဲ? ဆိုတဲ့ မေးခွန်းတွေက တချို့သော စီးပွားရေး လုပ်ငန်းစတင်လုပ်ကိုင်တော့မယ့် လူတွေအကြား ဒွိဟဖြစ်စရာတွေ ဖြစ်လာနေတာကို မြင်တွေ့ရပါတယ်။
💎ကုမ္ပဏီတစ်ခုဖွဲ့စည်းမှတ်ပုံတင်ခြင်းအတွက် လက်တွေ့အကျိုးကျေးဇူးများ
ကုမ္ပဏီတွေ ဘာလို့ထောင်ကြတာလဲ? ကုမ္ပဏီထောင်ရင် ဥပဒေအရရော လက်တွေ့မှာပါ ဘယ်လိုအခွင့်အရေး မျိုးတွေ ရနိုင်မလဲ? ဆိုတာကို တချက်ကြည့်လိုက်ရအောင်..
နံပါတ်(၁) အနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ၊ ပုဒ်မ (၅) ၊ “ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုနှင့် အခွင့်အာဏာများ“ ဆိုတဲ့ အပိုဒ်ကို ဖော်ပြပေး လိုက်ပါတယ်…
ကုမ္ပဏီသည်-
(၁) ၎င်းတွင်ပါဝင်သူများ၏ အခွင့်အရေးနှင့် သီးခြားဖြစ်သော ကိုယ်ပိုင် အခွင့် အရေးများရှိသည့် တရားဝင်အဖွဲ့အစည်းဖြစ်ပြီး မှတ်ပုံတင်ခြင်းမှ ပယ်ဖျက် ခြင်းမပြုသ၍ အခွင့်အရေးများ၊ အခွင့်အာဏာ များနှင့် အကျိုးခံစားခွင့်များ အပြည့်အဝ ဆက်လက်တည်ရှိရမည်။ ၎င်းအပြင်
(၂) ဤဥပဒေနှင့် အခြားဥပဒေတစ်ရပ်ရပ်တို့အရ နိုင်ငံတော်အတွင်း၌ လည်းကောင်း၊ ပြင်ပ၌သော်လည်းကောင်း အောက်ပါကိစ္စရပ်များအား ဆောင်ရွက်နိုင်ခွင့်အပါအဝင် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ် သို့မဟုတ် ဆောင်ရွက်မှုတစ်ရပ်ရပ်လုပ်ကိုင်ရန် ၊ လုပ်ငန်းဆောင်ရွက်မှုများပြုလုပ်ရန် တရားဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် အပြည့်အဝရှိသည်-
(ကက) အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် ကုမ္ပဏီတွင် အစုရှယ်ယာများအဖြစ်ပြောင်းလဲနိုင်သော အခြားငွေချေး သက်သေခံလက်မှတ်များကို ထုတ်ဝေခြင်း၊
(ခခ) ကုမ္ပဏီ၌ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ ပိုင်ဆိုင်နိုင်သည့် အော့ပ်ရှင် (option)များပေးခြင်း၊
(ဂဂ) ကုမ္ပဏီပိုင်ပစ္စည်းတစ်ရပ်ရပ်ပေါ်တွင် အာမခံ အကျိုးခံစားခွင့် တစ်ရပ်ပေးခြင်း၊
(ဃဃ) ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ်ကို ကုမ္ပဏီတွင် ပါဝင်သူများအား ပစ္စည်းအနေဖြင့်သော်လည်းကောင်း ၊ အခြားနည်းဖြင့်သော် လည်းကောင်း ခွဲဝေပေးခြင်း၊
ဆိုပြီး အတိအလင်းဖော်ပြထားပါတယ်၊
အစုရှယ်ယာများသတ်မှတ်ထုတ်ဝေခြင်း
အစုရှယ်ယာဖြင့်တာဝန်ကန့်သတ်ထားသော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ (Private Company) တစ်ခု အနေနဲ့ ဖွဲ့စည်းတည်ထောင်ရင် ကုမ္ပဏီမှာရင်းနှီးမယ့်ငွေကို အစုရှယ်ယာ အဖြစ် ထုတ်ဝေသတ်မှတ်နိုင်ပါတယ်၊ ဥပမာ အစုရှယ်ယာတစ်စုရဲ့တန်ဖိုးကို (၁၀၀၀) ဖြစ်စေ၊ (၁၀၀၀၀)ဖြစ်စေ၊ (၁၀၀၀၀၀)ဖြစ်စေ ကုမ္ပဏီမှာပါဝင်သူများက သတ်မှတ်ခွင့်ရှိပါတယ်၊ သင့်မှာ သိန်း (၅၀၀၀)ကို ကုမ္ပဏီထဲရင်းနှီးမယ်ဆိုရင် တစ်စုကို (၁၀၀၀၀၀)အနေနဲ့ သတ်မှတ်ရင် သင့်မှာအစုရှယ်ယာ အရေအတွက် (၅၀၀၀)စု ရှိမှာဖြစ်ပါတယ်၊။ တစ်စုကို (၁၀၀၀၀) နဲ့သတ်မှတ်ရင် အစုရှယ်ယာအရေအတွက် (၅၀၀၀၀)စု ဖြစ်ပါတယ်။
နောက်တချက်က ဒီဘင်ချာ ဆိုတာ ကုမ္ပဏီက ချေးယူထားတဲ့ငွေအတွက် ကုမ္ပဏီ ကပေးတဲ့ သက်သေခံလက်မှတ်လိုမျိုးကို ပိုင်ဆိုင်နိုင်သည့် Option ဆိုတာက ဒီလိုသက်သေခံလက်မှတ်တွေ၊ အစုရှယ်ယာတွေကို သဘောတူညီထားတဲ့ဈေးနှုန်းနဲ့ ရောင်းခြင်းဝယ်ခြင်းဆိုတဲ့ အခွင့်အရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Private Company တစ်ခုက အစုရှယ်ယာတွေကို အများပြည်သူသို့ ဖြန့်ဝေခြင်းမပြုရပါဘူး။ သို့သော် တစ်ဦးက တစ်ဦးသို့ နှစ်ဦးသဘောတူလွဲပြောင်းခြင်း ပြုလုပ်နိုင်ပါတယ်။
နောက်တချက်က ကုမ္ပဏီကပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုဟာ ကုမ္ပဏီမှာပါဝင်သူတွေရဲ့ ဘုံဆိုင်ပစ္စည်းတစ်ခုဖြစ်တဲ့အတွက် အာမခံအကျိုးခံစားခွင့်တစ်ခုခုသင့်မှာရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီပိုင်ပစ္စည်းတစ်ခုခုကို ပစ္စည်းအဖြစ်ခွဲဝေပေးတာ ဖြစ်ဖြစ်၊ ထုခွဲရောင်းချပြီး ခွဲဝေပေးတာမျိုးဖြစ်ဖြစ် ခွဲဝေပိုင်ခွင့်ရှိပါတယ်။
အကယ်၍သာ ကုမ္ပဏီတစ်ခုခုက သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှုတွေ၊ အခွင့်အရေး တွေ၊ အခွင့်အာဏာတွေ၊ အကျိုးခံစားခွင့်တွေကို ကန့်သတ်ထားမယ်ဆိုရင် ကန့်သတ်ထားတဲ့ ပြဌာန်းချက်၏တွေကို ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာ ထည့်သွင်းရေး ဆွဲနိုင်ပါတယ်။
ဥပမာအနေနဲ့ သင်တို့ရဲ့ ကုမ္ပဏီက အပေါ်မှာဖော်ပြခဲ့သလို ကုမ္ပဏီပိုင်ပစ္စည်းတစ်ခုခုကို ကုမ္ပဏီဖျက်သိမ်းသည့်အခါမှသာ ထုခွဲရောင်းချခွဲဝေနိုင်တယ် လို့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမှာ ထည့်သွင်း သဘောတူထားခဲ့ရင် မဖျက်သိမ်းသ၍ သင့်အနေနဲ့ ရောင်းချလို့မရပါဘူး၊ အဲသလိုမျိုး ကန့်သတ်ပြဌာန်းချက်တွေကို ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲနိုင်ပါတယ်၊ သို့သော်လည်း မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ကို ကျော်လွန်ရေးဆွဲခြင်းမပြုရပါဘူး။ ဥပဒေကို မကျော်လွန်ပဲ ကြိုက်သလိုရေးဆွဲနိုင်ပါတယ်၊ အကယ်၍သာ ကုမ္ပဏီရဲ့ အခြေခံစည်းမျဉ်း မှာ ဥပဒေနဲ့ ဆန့်ကျင်တာ တစ်ခုခု ပါခဲ့ရင်တောင် အဲဒီအချက်တွေဟာ အကျိုးသက်ရောက် အသက်ဝင်မှု မရှိ စေရလို့ ဥပဒေမှာ အတိအလင်းဖော်ပြထားပါတယ်။
📖ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဆိုတာ ဘာလဲ?
ကုမ္ပဏီ တစ်ခုထောင်မယ်ဆိုရင် ဥပမာအနေနဲ့ သင်နဲ့ သင့်ရဲ့ စီးပွားရေးပါတနာနဲ့ နှစ်ဦးတည်း ကုမ္ပဏီတစ်ခုစထောင်မယ်ဆိုပါစို့။ အရင်ဆုံးသင်တို့နှစ်ဦး အစည်းအဝေး လုပ်ပြီး သဘောတူညီမှုယူရပါမယ်၊ ကုမ္ပဏီအမည်၊ ဘယ်သူက အစုရှယ်ယာ ဘယ်လောက်ထည့်မယ်၊ ရုံးခန်းလိပ်စာ ၊ ဒါရိုက်တာတွေက ဘယ်သူ၊ MD ကတော့ ဘယ်လိုမျိုး အရည်အချင်းရှိရမယ်၊ စသဖြင့် သဘောတူညီချက်တွေ ကုမ္ပဏီတည် ထောင်ပြီးနောက်ပိုင်း ကုမ္ပဏီကို ဘယ်လိုတိုးတက်အောင် လုပ်မယ် ဆိုတဲ့ အစီအမံတွေကအစ အစုရှယ်ယာကိစ္စတွေ အမြတ်ခွဲဝေမှုတွေ စသည်ဖြင့် ဒါတွေကို ကုမ္ပဏီမှာပါဝင်သူတွေ အားလုံး သဘောတူစွာနဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာ ထည့်သွင်း ရေးသားရပါတယ်။ကုမ္ပဏီတွင်ပါဝင်သူများနှင့် ကုမ္ပဏီအကြားမှာ စည်း နှောင်မှုရှိတဲ့ စာချုပ်တစ်စောင်လိုမျိုး အကျိုးသက်ရောက်ပါတယ်၊ တနည်းအားဖြင့် ပြောရရင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဆိုတာ ကုမ္ပဏီတွင်ပါဝင်သူများအားလုံးလိုက်နာ ရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း တစ်ခု ရှိကို ရှိရပါမယ်၊
🏆သိန်း၂၀ကျော်ရှိမှ ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ခေတ်က ကုန်ပါပြီ။
🏆၂သိန်းကျော်ရှိရုံနဲ့ ကုမ္ပဏီပိုင်ရှင်လုပ်လို့ရနေချိန်မှာခုထိ စဥ်းစားနေတုန်းဆိုရင် သင်နောက်ကောက်ကျကျန်ရစ်ပါပြီ။
🏆သင့်စိတ်ကူးထဲက ကုမ္ပဏီနာမည်လေး သူများတကာဆီပါသွားပါပြီ။
🏆နာမည်တူရှိရင် ကုမ္ပဏီလိုင်စင်ချမပေးပါဘူးနော်။
🤩၂သိန်းကျော်နဲ့ကုမ္ပဏီပိုင်ရှင်လုပ်လို့ရနေတာကို သင်က အခုမှသိရင် အခုချက်ချင်းကုမ္ပဏီစလိုက်ပါ။
🏆ငွေကျပ်၂သိန်းကျော်ဖြင့် ကုမ္ပဏီပိုင်ရှင်ဖြစ်ခွင့်ကို အမြန်ရယူလိုက်ပါ🏆
🏆ကုမ္ပဏီပိုင်ရှင်လုပ်ဖို့ ဘာတွေလိုအပ်ပါသလဲ?
The specification requirement for new company registration!
1.Company Name
2.Director's NRC copy / passport copy
3.Director's biography
4.Office address
5.Share Holder
ကုမ္ပဏီအသစ် တစ်ခု စတင်တည်ထောင်ရန် လိုအပ်သောအချက်များ။
၁ ကုမ္ပဏီ နာမည်
၂ ဒါရိုက်တာ များ၏မှတ်ပုံတင်မိတ္တူ / နိုင်ငံခြားသားဖြစ်ပါက Passport မိတ္တူ
၃. ဒါရိုက်တာများ၏ အသေးစိတ်အချက်အလက်
၄. ရုံးခန်းလိပ်စာ
၅. ရှယ်ယာ မတည်ငွေ
Comments
Post a Comment