PC နဲ့ Android Phone ကို Wifi နဲ့ Data တွေ အကူးအယူလုပ်နည်း
##############################################################################
မင်္ဂလာပါ။ ကျွန်တော်သုံးဖြစ်တဲ့ App လေးတစ်ခုကိုပြောပြချင်ပါတယ်။ သိပြီးသားဆရာ များကျော်သွားကြပါ။ အရင်က Zapya for pc လိုချင်လို့တောင်း တဲ့ Post တစ်ခုမှာ ဒီ Air Cable လေးအသုံးပြုပုံကို တင်ပေးမယ်ပြောထားလို့ မသိသေးသူများအတွက် တင်လိုက်တာပါ။
ကျွန်တော်တို့ တော်တော်များများ Android Phone ထဲက ဖိုင်တွေကို Computer ထဲကို ကူးတာ၊ Computer ထဲကဖိုင်တွေကို Android Phone ထဲကို ကူးတာ တွေကို Zapya for PC ကိုသုံးပြီး ပြုလုပ်ကြတာများပါတယ်။ အဲဒီမှာ Wifi Hotspot ထောင်လို့ရပြီး Connect လုပ်လို့မရတာတွေ ရှိကြပါတယ်။ ဒီ App လေးကတော့ Android Phone ကနေ Hotspot ထောင်ပြီး Computer က ချိတ်ဆက်ပြီး File Transfer Protocol ကိုအသုံးပြီး ဖိုင်တွေကို Share တာဖြစ်ပါတယ်။ ဒါကြောင့် Zapya လို Android Phone မှာကော Computer မှာပါ။ App ကို ထည့်စရာမလိုပဲ Phone မှာပဲ App ကိုထည့်ထားပြီး သုံးနိုင် ပါတယ်။ ပြုလုပ်နည်းကိုတော့ အောက်မှာ ပုံများနဲ့ ပြထားပါတယ်။
၁။ Android Phone က Setting ထဲကိုသွားပြီး Wifi Tethering လွှင့်လိုက်ပါ။
၂။ ပြီးရင် Air Cable Application ကိုဖွင့်လိုက်တာနဲ့ Server တစ်ခါတည်းပြုလုပ် ပေးမှာဖြစ်ပါတယ်။
၃။ ဒီအဆင့်မှာတော့ Computer ကနေ Wifi ကို Connect လုပ်ရမှာဖြစ်ပါတယ်။
၎။ ချိတ်ဆက်လို့ ပြီးသွားပြီဆိုရင်တော့ Computer ကိုသွားလိုက်ပါ။
၅။ အဲဒီက Address Bar က This PC နေရာမှာ Android Phone မှာပေါ်နေတဲ့ IP ကို ထည့်ပြီး Enter နှိပ်လိုက်ပါ။
၆။ ဒါဆိုရင်တော့ မိမိ Phone ထဲက Internet Storage အောက်ကို ရောက်သွားမှာဖြစ်ပါတယ် (ကျွန်တော်ကတော့ Setting မှာပြင်ထားလို့ Sdcard0 နဲ့ Sdcard1 ဆိုပြီးပေါ်နေတာပါ။
၇။ ဒါဆိုရင်တော့ မိမိ Phone ထဲက Data တွေကို Computer ထဲကို Copy ယူတာပဲဖြစ်ဖြစ် Computer ထဲက Data တွေကို Phone ထဲကို Copy ကူးတာ ပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါပြီ။
၈။ အကယ်လို့ ပုံထဲကလို Sdcard0 နဲ့ Sdcard1 ဆိုပြီးပေါ်စေချင်ရင်တော့ Air Cable App က Setting မှာ Path ကိုသွားပြီး /Storage/Sdcard0 ဆိုတာမှာ /Sdcard0 ဆိုတာကိုဖျက်ပြီး OK ပေးလိုက်ပါ။
၉။ ပြန်ပိတ်ချင်တယ်ဆိုရင်တော့ Close Services ကိုနှိပ်ပြီး Wifi Tethering ကို ပြန်ပိတ်ပေးလိုက်ရင်ရပါပြီ။
ဒီနည်းလေးက ကျွန်တော် Computer နဲ့ Phone ချိတ်ဖို့ ကြိုးရှာ မတွေ့တဲ့ အခါမှာသုံးတဲ့ နည်းလေးပါ။ Zapya လို Computer မှာကော၊ Phone မှာပါ Zapya ရှိနေဖို့မလိုအပ်ပါဘူး။ Phone မှာပဲ ဒီ App လေးရှိနေရင်ရပါပြီ။
AirCable Application ကို Google Play Store မှာဒေါင်းနိုင်ပါတယ်။
အကယ်လို့ Air Cable ကို Play Store မှာ ရှာမတွေ့ခဲ့ရင် ဒီမှာဒေါင်း နိုင်ပါတယ်။
https://m.box.com/view/44354016949?sharedRedirect=1
Link အသစ်
https://m.apkpure.com/air-data-cable-file-transfer/zhan.android.aircable

Posted 19th April 2018 by ရဲရင့်
Comments
Post a Comment